Wednesday, April 2, 2014

သမီးကလေးလည်း ပါသွားပြန်ပြီ


သုတလင်း

Popular Myanmar News Journal



သမီးကလေးကျေးရွာ အပါအဝင် ရွာသုံးရွာမှ ရွာသား ၂ဝဝ ကျော်သည် DKBA ၏အစီအစဉ်ဖြင့် ဧပြီ ၂ ရက်တွင်ကရင်ပြည်နယ်သို့ ပြောင်းရွှေ့မည်ဖြစ် သည်။

သမီးကလေးကျေးရွာ၊ အင်းပတီကျေးရွာ၊ ဒေါ်ကာလီကျေးရွာများမှ ရွာသူရွာသား ၂ဝ၁ ဦးအား DKBA မှ ဗျူဟာမှူး ဗိုလ်မှူးစောဆန်းအောင် ကိုယ်တိုင် ရွာသို့လာခေါ်မည်ဖြစ်ကြောင်း DKBA ၏မန္တလေးစီးပွားရေး ဆက်ဆံ ရေးမှူး ဗိုလ်မှူးစောဝင်းဇော်က ပြောသည်။

ကရင်ပြည်နယ်သို့လိုက်ပါမည့် ရွာသားများအား ဆုံဆည်းမြိုင်နှင့် မြဝ တီမြို့နယ် စပ်အကြားတွင် နေထိုင်ခွင့်ပေးမည်ဖြစ်ပြီး ပေ ၄ဝx၆ဝ မြေ ကွက်များ အပိုင်ချထားပေးမည်ဟု သိရသည်။

လက်ရှိတွင် သမီးကလေးကျေးရွာမှ ရွာသားများအပါအဝင် ဒေါ်ကာ လီကျေးရွာမှ ဦးဇင်းနှစ်ပါးနှင့် အင်းပတီးရွာမှ ဦးဇင်းတစ်ပါးတို့ပါ ကရင်ပြည်နယ်သို့ လိုက်ပါမည်ဖြစ်ကာ ပဲခူးတိုင်းအတွင်းရှိ အောင် သိဒ္ဓိကျောင်းထိုင် ဆရာတော်ဦးအဂ္ဂကိုယ်တိုင် ကရင်ပြည်နယ်သို့ လိုက်ပါကြီးကြပ်ပေးသွားမည်ဟု သိရသည်။

ဧပြီ ၁ ရက်နေ့ ညနေ ၆ နာရီခန့်မှစတင်ကာ DKBA မှစီစဉ်ပေးထားသည့် ဆယ့်နှစ်ဘီးကား လေးစီးပေါ်သို့ပြောင်းရွှေ့ရန် ပစ္စည်းများတင် ဆောင်နေကြ သည်။

အဆိုပါ ကားများမှာဧပြီ ၂ ရက် နံနက် ၄ နာရီခန့်တွင်ပဲခူးတိုင်း အတွင်း မှစတင်ထွက်ခွာမည်ဖြစ်ပြီး ထိုအချိန်တွင်လိုက်ပါနိုင်ခြင်းမရှိသေးသည့်
သမီးကလေးကျေးရွာအိမ်ထောင်စုဝင်များနှင့် ကျန်အနီးအနားရှိ အိမ်ခြေဖျက်သိမ်းခံ ကျေးရွာသားများ အနေနှင့်လည်း ကရင်ပြည်နယ်သို့ လိုက်ပါလို့ပါက DKBA သို့ အချိန်မရွေးဆက်သွယ်နိုင်ပြီး ထပ်မံလာရောက်ခေါ်ယူပေးသွားမည် ဟု DKBA ၏ တာဝန်ရှိသူဗိုလ်မှူး စောဝင်းဇော်က ဆိုသည်။

''ပထမတစ်ခါ ရွာဖျက်ခံရတုန်းက သမီးကလေးက တစ်ခါပျက်တယ်။ ခု တစ်ခါထပ်အလိမ်ခံရတော့နှစ်ခါပျက်တယ်။ ပထဆုံးတစ်ခေါက် ကရင်ကိုလိုက်မလား လာခေါ်တုန်းက ငိုချင်ပေမယ့် ခုတော့ ကိုယ့်အဖြစ် ကိုယ်ရယ်ချင်သွားပြီ'' ဟု ကရင်ပြည်နယ်သို့လိုက်ပါ သွားမည့် မိသားစုဝင်ငါးဦးရှိသည့် မနီလာဝင်းက ပြောသည်။

အိမ်ခြေဖျက်သိမ်းခံ သမီးကလေး ကျေးရွာသားများအား မတ်လ ၁၇ ရက် နေ့မတိုင်မီ ၎င်းတို့ခိုလှုံနေသည့်အောင် သိန္ဒိဘုန်းကြီးကျောင်း ဝင်းအတွင်းမှ အပြီးသတ်ထွက်ခွာပေးရန် ပဲခူးတိုင်းအစိုးရက ထုတ်ပြန်ခဲ့၍ သမီးကလေးရွာရှိ အိမ်ထောင်စု ၁၅၇စု သည် ပဲခူးတိုင်းအတွင်း ရှိ အောင်သိန္ဒိဘုန်းကြီးကျောင်းဝင်းအတွင်း ခိုလှုံနေခဲ့ရသည်။

ထိုသို့ ပဲခူးတိုင်းအုပ်ချုပ်ရေးမှူး တို့မှ ဖိအားပေးရွှေ့ပြောင်းစေ မှုကြောင့် ကျေးရွာသားများ ကရင်ပြည်နယ်သို့ လိုက်ပါလိုပါက လိုက်နိုင်ရန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် DKBA မှ ဆယ်နှစ် ဘီးကား နှစ်စီးဖြင့် အသင့်စောင့်ဆိုင်းနေပေးခဲ့သော်လည်း ရွာ သားများအနေဖြင့် လိုက်ပါသွားခြင်းမရှိခဲ့ပေ။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းကလည်း ရန်ကုန်တိုင်းဒေသကြီး ဖောင်ကြီးအနီးရှိ ဝါယားကုန်း မြို့နယ်တွင် မြေဧက ၉ ဧကခန့်ကို အကွက်ရိုက်၍ အိမ်နေရာများ
ပြန်လည် ပေးသွားမည်ဟု ပြောကြားခဲ့သလို ရန်ကုန်တိုင်းအစိုး ရနှင့် ပြည်ခိုင်ဖြိုးပါတီ တို့မှ မြေနေရာ ပြန်လည်အစား ထိုးပေး မည်ဟု ပြောကြားလာခဲ့၍ မတ် ၂၇ ရက်နေ့တွင်
လှည်းကူမြို့နယ် ဝါယာကုန်းကျေးရွာသို့ ပြောင်းရွှေ့ခဲ့ကြသည်။

သို့သော်လည်း အစိုးရအဖွဲ့နှင့် လှည်းကူးမြို့နယ် လွှတ်တော်ကိုယ်စား လှယ်တို့မှ တခြားနေရာသို့ ပြောင်းရွှေ့လျှင် ပြန်လည်အပ်နှံရမည်ဟု လက်မှတ်ထိုးခိုင်းခြင်း၊ သောက်ရေအခက်ခဲရှိခြင်း၊ မြွေပွေးနှင့်တော
ပင်ကူနက်များ ပေါခြင်းတို့ကြောင့် မတ်လ ၂၈ ရက်နေ့တွင် ပဲခူးမြို့နယ်
အောင်သိန္ဒိဘုန်းကြီး ကျောင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြပြန် သည်။

''လက်မှတ်မထိုးနိုင်ရင်မနေနဲ့ ပြောတယ်။ ဒါက ဒုက္ခရောက်နေတာကို ထပ်ဖိနှိပ်ချင်တဲ့ သဘောမှာရှိတဲ့ အတွက် မနေနိုင်ရင်လည်း ပြန်လာခဲ့လို့ ဦးဇင်းပြောလိုက်တယ်'' ဟု ဦးအဂ္ဂက မိန့်ကြားသည်။


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)