Thursday, April 3, 2014

လေယာဉ်ပျောက် ခရီးသည်တွေ သံသယဖြစ်ဖွယ် မရှိ


ဘီဘီစီ (မြန်မာပိုင်း)

လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်က ပျောက်ဆုံး သွားခဲ့တဲ့ မလေးရှား လေကြောင်းလိုင်း MH 370 ပေါ်မှာ ပါသွားတဲ့ ခရီးသည် အားလုံးကို သံသယရှိသူ စာရင်းက ထုတ်ပယ်လိုက်ပြီလို့ မလေးရှား ရဲချုပ်က ပြောပါတယ်။

ရဲချုပ် ခါလစ်အဘူ ဘက်ကာက ခရီးသည် ၂၂၇ ဦး ထဲမှာ လေယာဉ် ပြန်ပေးဆွဲမယ့်သူ၊ ဖျက်ဆီး တိုက်ခိုက်မယ့်သူတွေ တစ်ယောက်မှ မပါဘူးလို့ ဆိုပါတယ်။

လေယာဉ်က လမ်းကြောင်း ဘာလို့ ပြောင်းသွားခဲ့လဲ၊ မရိုးမသား ကြံစည်မှုတွေ ရှိခဲ့လား ဆိုတာနဲ့ ပတ်သက်လို့တော့ လေယာဉ် အမှုထမ်းတွေ အထူးသဖြင့် လေယာဉ်မှူးတွေကို အာရုံစိုက်ပြီး ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့ မလေးရှားရဲချုပ်က ပြောပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)