Thursday, April 3, 2014

သမီးလေးရွာသားများကို ရှေ့ဆက်သွားခွင့်မပြုဟု ကရင်ပြည်နယ် နယ်/လုံဝန်ကြီး အမိန့်ထုတ်


ရန်ကုန်(မဇ္ဈိမ)။ ။ DKBA နှင့် လိုက်ပါသွားသော သမီးကလေးကျေးရွာ သားများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ခရိုင်ချင်းဆက်သွယ်သော တံတားတွင် ကရင်ပြည်နယ် အစိုးအဖွဲ့က တားဆီးလိုက်ပြီးနောက် ဆက်လက်သွားခွင့်မပြုကြောင်း ကရင်ပြည်နယ်၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက အမိန့်ထုတ်လိုက်သည်ဟု ယင်းအဖွဲ့နှင့်လိုက်ပါသွားသည့် လူထုအခြေပြုအဖွဲ့မှ ဦးအောင်လွင်ကပြောသည်။

“ရွာသားတွေကတော့ ဆက်မသွားရဘူးဆိုရင် အဲ့ဒီနေရာမှာပဲနေမယ်လို့ ဆုံးဖြတ်ပြီးတော့ စုဝေးပြီးထိုင်နေကြတယ်” ဟု ညနေ ၃နာရီ ၅၀မိနစ်က မဇ္ဈိမ၏ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဦးအောင်လွင်က ပြောခြင်းဖြစ်သည်။

DKBA နှင့်လိုက်ပါသွားသော သမီးကလေးကျေးရွာမှ ရွာသားအရေအတွက်မှာ လူပေါင်း ၃၀၀ ခန့်ရှိပြီး လူမှုအဖွဲ့အစည်းမှ လိုက်ပါပို့ဆောင်သူ ၁၀၀ ဦးခန့်ရှိသည်။

ရွာဖျက်ခံခဲ့ရသည့် သမီးကလေးရွာသားများမှာ DKBA ၏ ဖိတ်ဖေါ်မှုအရ ကရင်ပြည်နယ်ရှိ ဆုံဆည်းမြိုင်ရွာသို့ လိုက်ပါသွားစဉ် ယခုကဲ့သို့ တားဆီးခံရခြင်းလည်းဖြစ်သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ သမီးကလေးရွာကို ဖေဖေါ်ဝါရီလ ၄ ရက်က ဖျက်ဆီးခံခဲ့ရသည့်အတွက် ရွာသူရွာသားများ နေစရာကင်းမဲ့နေသည်။

ကေဇူး
Mizzima မဇ္ဈိမ

Photo From Thet Khaing & Coko Dmoe




No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)