Sunday, April 6, 2014

KIAနယ်မြေမှာ သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြော



RFA Burmese
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ မဖြစ်နိုင်သေးကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ပြောပါတယ်။
ရန်ကုန်မြို့ MPC မြန်မာငြိမ်းချမ်းရေး စင်တာမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်စဉ် သတင်းထောက်တွေက သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ မေးမြန်းစဉ် ဗိုလ်ချုပ်ဂွမ်မော်က အခုလို ဖြေကြားခဲ့ပါတယ်။

"သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ဘာမှဆက် လုပ်စရာမရှိသေးဘူး၊ ဒါပေမဲ့ အခုလောလော ဆယ်မှာတော့ တိုက်ပွဲတွေ လည်းဖြစ်နေတဲ့ အခါမှာ ကျနော်တို့ KIO ထိန်းချုပ်တဲ့ ဒေသတွေမှာတော့ သန်းခေါင်းစာရင်း ကောက်ယူဖို့ကတော့ အဆင်အသင့်မဖြစ်သေးပါဘူး၊ KIO အနေနဲ့ကတော့ သန်းခေါင်စာရင်း ကောက်တဲ့ အစီအစဉ်ကို ဆန့်ကျင်တာ မဟုတ်ဘူး၊ကျနော်တို့ရဲ့ဒေသမှာ လောလောဆယ် အခြေ အနေအရ ကောက်ခံဖို့မဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ် လို့ ပြောချင်တယ် ၊အခုက သန်းခေါင်စာရင်းကောက်တဲ့ အစီအစဉ်ကို အစိုးရက ဘယ်လို ဆက်လုပ်မလဲဆိုတဲ့ အပေါ်မှာအဓိကကျပါလိမ့်မယ်"

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေ တပ်တွေ စစ်ရေးတင်းမာမှုတွေ ဖြစ်နေပြီး တိုက်ပွဲ ငယ်တွေ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ တားဆီးမှုကြောင့် လက်ရှိအချိန်အထိ ကချင်ပြည်နယ် ဒေသတချို့မှာ သန်းခေါင် စာရင်းကောက်ယူလို့ မရနိုင်သေးဘူးလို့ မြစ်ကြီးနားခရိုင် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

၂ဝ၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ကောက်ယူနေတာဖြစ်ပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)