Thursday, May 8, 2014

တိုင်းရင်းသားများလိုအပ်ချက် SNLD နှင့် KNU တွေ့ဆုံဆွေးနွေး


သျှမ်းသံတော်ဆင့်
SNLD နှင့် KNU တို့တွေ့ဆုံကြစဉ် (Photo: SNLD )


သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နှင့် ကရင်အမျိုးသား အစည်း အရုံး KNU တို့ ရန်ကုန်မြို့၌ အလွှတ် သဘောတွေ့ဆုံကြကာ တိုင်းရင်းသား အရေးရှေ့ဆက် လက်တွဲ ဆောင်ရွက်သွား မည့်ကိစ္စ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦးဆောင်သော တွဲဖက်အတွင်း ရေးမှူးအပါအဝင် ဗဟိုကော်မတီဝင် ၁၁ ဦး သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်အား ၂၀၁၄ မေလ ၆ ရက် နံနက် ၁၀ နာရီက ၁၁ နာရီခွဲအထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ SNLD ဗဟိုဌာနချုပ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ့နိုင်ငံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးကိစ္စ များကိုအထူးဆွေးနွေးခဲ့ကြကြောင်း စိုင်းလိတ် ကပြော ပါသည်။

“ NCCT နဲ့ UPWC တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းတွေမှာ ဘယ် အဆင့် ရှိနေပြီလဲ။ ဘယ်အ ဆင့် မှာ ဘယ်လို အားနည်းချက်တွေရှိပါသလဲ၊ နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လိုပူးပေါင်းပါဝင် နိုင် တယ်ဆိုတာ လာရောက် ရှင်းပြတာဘဲဖြစ်ပါတယ်။ သူတို့ ဧရာဝတီတိုင်း ထဲက ကရင်လူမှုအဖွဲ့ အစည်းတွေ နဲ့အစည်းအဝေးလာရင်းနဲ့ ဒီဘက်က နိုင်ငံရေးပါတီနဲ့တွေ့ဆုံ ချင်တယ်ဆိုလို့ ကျနော်တို့နဲ့ တွေ့ဆုံရတာပါ။ ”

SNLD ပါတီဘက်မှ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦးနှင့် ဒု ဥက္ကဌ ၊ အထွေထွေအတွင်းရေး မှူးနှင့် ရုံးအဖွဲ့ဝင်များ ကလက်ခံတွေ့ဆုံခဲ့ပါသည်။

“ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး တိုင်းရင်းသားတိုင်း တန်းတူ ညီမျှရေးနဲ့ ဒီမိုကရေစီ အရေး၊ ငြိမ်းချမ်းရေး ဒီကိစ္စတွေအကောင် အထည်ဖော်ဆောင်ရွက်ရာမှာ တိုင်းရင်းသားတွေရဲ့ လိုအပ် ချက်ကိုမရမချင်း ပူးပေါင်းဆောင်ရွက်သွားမယ်။ အပြန်အလှန် ညှိနှိုင်းပြီးတော့မှ သတင်းအချက် အလက်တွေကို ဖလှယ်ကြမယ်၊ အဲလို အကြမ်းဖျဉ်းသဘောတူညီထားပါတယ်” ဟု စိုင်းလိတ်က ပြောသည်။

KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က မိမိတို့ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မထောက်ခံ ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်းပါဝင်ရန် အစီ အစဉ် မရှိကြောင်း၊ SNLD ၏ နိုင်ငံရေးရပ်တည် ချက်များ ကို ထောက် ခံ ကြောင်း၊ KNU ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အပစ်ရပ်စဲရေးလုပ်ငန်း စဉ် တွင်လည်း ဝိုင်းဝန်းလက်တွဲကာ ရပ်တည်ပေးသွားရန် အစရှိသည်တို့ ပြောကြားခဲ့ သည်ဟု သိရပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)