Wednesday, September 24, 2014

ဂျာမန်နိုင်ငံက ဗလီနဲ့ နေအိမ်တချို့ကို ရဲတွေဝင်စီး



24 September 2014 

ဂျာမနီနိုင်ငံရဲတွေက ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ကို ​ထောက်ခံသူလို့ ​သံသယရှိသူတွေရဲ့ ​နေအိမ် ​၇ ​လုံးကို ​ဝင်ရောက် ​စီးနှင်းမှု ​လုပ်ခဲ့သလို ​ဗလီကျောင်းဆောင်တစ်ခုနဲ့ ​အစ္စလာမ်မစ် ​စင်တာတစ်ခုကိုလည်း ​ဝင်ရောက် ​စီးနှင်းမှု ​လုပ်ခဲ့ပါတယ်။

အဲဒီလူတွေဟာ ​အကြမ်းဖက်မှု ​လုပ်တော့မယ့်အတွက် ​လက်ဦးမှု ​ရယူတဲ့အနေနဲ့ ​ကြိုတင်တားဆီးမှု ​လုပ်တာလို့ ​ရဲတွေက ​ပြောပါတယ်။

ရဲတွေရရှိတဲ့ ​သတင်းအရ ​အရေးပေါ် ​လူနာတင်ယာဉ် ​တစ်စီးကို ​ဝယ်ယူနိုင်ဖို့ ​ရံပုံငွေ ​ရှာဖွေပွဲတွေ ​ပြုလုပ်ခဲ့ကြပြီး ​အဲဒီယာဉ်ကို ​ဆီးရီးယားနိုင်ငံဆီ ​ပို့ဆောင်ခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ ​အဲဒီလူနာတင်ယာဉ်ကို ​စစ်သွေးကြွအဖွဲ့တွေ ​တင်ဆောင်ရာမှာ ​အသုံးပြုမှာဖြစ်ပြီး ​အဲဒီယာဉ်ထဲ ​ဆီမီအော်တို ​သေနတ်တွေ ​တင်ဆောင်ဖို့ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​ဂျာမနီနိုင်ငံက ​ကားအဟောင်းတွေကိုလည်း ​စစ်ဖြစ်တဲ့ ​ဒေသကို ​ပို့ဆောင်ပေးမှုတွေရှိခဲ့ပြီး ​အဲဒီယာဉ်ကို ​အသုံးပြုပြီး ​စစ်သွေးကြွအဖွဲ့တွေက ​အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံအကြား ​သွားလာမှု ​လုပ်နေတာလို့ ​ပြောပါတယ်။

အခုလို ​ဝင်ရောက် ​စီးနှင်းမှုအတွင်း ​ဖမ်းဆီးအရေးယူမှုတွေ ​မရှိပေမယ့် ​ကွန်ပြူတာတွေ၊ ​hard ​drives ​တွေနဲ့ ​လျှပ်စစ်ဒေတာ ​တချို့ကိုတော့ ​သိမ်းယူလိုက်ပါတယ်။

Bavaria ​က ​နေအိမ် ​၅ ​လုံးနဲ့ ​Lower ​Saxony ​နဲ့ ​North ​Rhine-Westphalia ​ဒေသက ​နေအိမ်တွေကို ​ဝင်စီးခဲ့တာပါ။

ဒါ့အပြင် ​ဗလီတစ်လုံးနဲ့ ​အစ္စလာမ်မစ် ​စင်တာတစ်ခုကိုလည်း ​စီးနှင်းခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ​ထောက်လှမ်းရေးတွေရဲ့ ​အဆိုအရ ​အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံက ​စစ်သွေးကြွအဖွဲ့တွေနဲ့ ​ပူးပေါင်း ​တိုက်ခိုက်နေတဲ့ ​ဂျာမနီနိုင်ငံသား ​အယောက်ပေါင်း ​၄၀၀ ​လောက်ရှိတယ်လို့ ​ခန့်မှန်းထားပါတယ်။

အဲဒီထဲက ​ဂျာမနီနိုင်ငံကို ​ပြန်လည်ဝင်ရောက်လာသူ ​အယောက် ​၃၀ ​လောက်ကို ​တရားစွဲဆိုဖို့ ​ဂျာမနီအစိုးရက ​ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ ​သောကြာနေ့တုန်းကတော့ ​ဗလီ ​အခုပေါင်း ​၂၀၀၀ ​က ​မွတ်စလင်တွေ ​စုပေါင်းပြီး ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ရဲ့ ​လုပ်ရပ်တွေကို ​ဆန့်ကျင်တဲ့အကြောင်း ​ပြောဆိုကြသလို ​လူငယ်တွေ ​အစွန်းရောက်လုပ်ငန်းမှာ ​မပါဝင်အောင် ​ကြိုးစားလုပ်ဆောင်ကြမယ်လို့လည်း ​ပြောဆိုထားဖူးပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-24/1371705
ဘာလင်မြို့ရှိ မွတ်စလင်တချို့ ဝတ်ပြုကြစဉ် (Credit: Reuters) 

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)