Saturday, October 24, 2009

နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း နစကမှ ပြောဆို နယ်စပ် ဆူပူအောင် ဘင်္ဂလာ မီဒီယာများမှ ဆွပေးနေဟု စွပ်စွဲ

22/10/2009

မောင်အေး ( နိရဉ္စရာ) အောက်တိုဘာလ ၂၁ ရက်နေ့က မောင်တောတွင် ပြုလုပ်သည့် ဘင်္ဂလား ရိုယ်ဖယ် တပ်ဖွဲ့နှင့် မြန်မာ နစကတို့ ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးမရှိကြောင်း နစက အာဏာပိုင်များက ပြောကြားခဲ့သည်ဟု အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် ဘင်္ဂလီ သတင်းစာများ ဖြစ်သော Amardesh နှင့် Dainik Cox’sbazar တွင် ဖေါ်ပြသည်။

မောင်တောမြို့တွင် ၂ နာရီ ကြာ ပြုလုပ်သည့် နှစ်နိုင်ငံ တပ်မှုအဆင့် အစည်းအဝေးတွင် ဘင်္ဂလာဘက်မှ ရိုဟင်ဂျာ အရေးကိစ္စကို တင်ပြရာ မြန်မာ နစက တာဝန်ရှိသူများက ထိုကဲ့သို့ တုန်ပြန်ပြောကြားခဲ့သည်ဟု သတင်းစာက ပြောသည်။

မြန်မာနစကမှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်းနှင့် သူတို့ကို မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် နေထိုင်သည့် မူဆလင်များ အဖြစ်သာ ပြောကြားရန် နစကမှ ပြောကြားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဆိုသည်ကို လွန်ခဲ့သည့်လအနည်းငယ်က လည်း မြန်မာနအဖ ၀န်ကြီးချုပ် သိန်းစိန်က ထိုင်းနိုင်ငံတွင် ကျင်းပသည့် အာဆီယံ အစည်း အဝေးတခုတွင် ပြောကြားခဲ့သည်။

၎င်းပြင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ နယ်စပ် ဆူပူမှုဖြစ်အောင် ဘင်္ဂလား မီဒီယာများမှ မ ဟုတ်မမှန်သည့် သတင်းများ ကို ရေးသားဖော်ပြနေသည်ဟု မြန်မာနစကမှ စွပ်စွဲကြောင်း သတင်းစာက ရေးသားဖော်ပြသည်။

မြန်မာဘက်မှ နယ်စပ်တလျောက်တွင် စစ်အင်အားတိုးချဲ့ချထားသည်မှာလည်း မဟုတ်မှန်ကြောင်းနှင့် ကုလသမဂ္ဂမှ ချမှတ်ထားသည့် စည်းကမ်းအတိုင်း ခြံစည်းရိုး ကာရံနေခြင်းသာ ဖြစ်ကြောင်းပြောဆိုပြီး အဆိုပါ ခြံစည်းရိုးမှာ နယ်စပ်တွင် တရားမ၀င် လူများ ၀င်ထွက်သွားလာနေမှုနှင့် မှောင်ခို လုပ်ငန်းများကို တားဆီးရန် အတွက်သာ ဖြစ်ကြောင်း နစကမှ ပြောသည်ဟု ဆိုသည်။

ဘင်္ဂလားမြန်မာနယ်စပ်တွင် ပုံမှန်ငြိမ်သက်လျက်ရှိသော်လည်း ဘင်္ဂလာမှမီဒီယာ များက မြန်မာနှင့်ပတ်သတ်ပြီး မဟုတ်မမှန်သည့်သတင်းများ ချဲ့ကားရေးသားဖော်ပြနေ သည်ဟု နစကမှ စွပ်စွဲ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် နစကမှ ဖမ်းဆီးထားသည့် ဘင်္ဂလီ အမျိုးသား ၉ ဦးကို ဘီဒီအာရ်လက် သို့လွဲပြောင်း ပေးအပ်ခဲ့သည်။

၎င်းအပြင် မြန်မာဘက်တွင် ထောင်ကျနေသည့် ဘင်္ဂလီအမျိုးသား ၅၃ ဦးအမည်စာရင်းကို ဘီဒီအာရ်သို့လွဲပြောင်းပေးအပ်လိုက်ပြီး ဘီဒီအာရ်မှလည်း ဘင်္ဂလာတွင် အကျဉ်းကျခံနေ ရသည့် မြန်မာနိုင်ငံသား ၈၉ ဦးစာရင်းကို နစက ကိုယ်စားလှယ် အဖွဲ့သို့ လွဲပြောင်း ပေးအပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ ဘင်္ဂလာဘက်မှ အမှတ် ၄၂ ဘီဒီအာရ်တပ်ရင်းမှ ဗိုလ်မှူးကြီး မူဇာမေလ် ဟူဆိန်းမှ ဦးဆောင် တက်ရောက်ပြီး မြန်မာဘက်မှ နစက နယ်မြေ ၆ နယ်မြေမှူး ဗိုလ်မှူး နေမင်းဦးမှ ဦးဆောင်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံယုံကြည် ချစ်ခင်မှုကို ရေရှည် ထိမ်းထားရန် အတွက် နှစ်နိုင်ငံ အကြား ဂေါက်ရိုက်ခြင်း၊ ဘော်လီဘော ကစားခြင်း စသည့် အားကစား ပြိုင်ပွဲများကို မကြာခဏ ပြုလုပ်သွားရန် မြန်မာ နစကမှ အဆိုပြုခဲ့ကြောင်း သိရသည်။

2 comments:

  1. ရိုဟင်ဂျာတွေ သနားစရာ ကောင်းကြောင်း ဘယ်လိုရေးရေး သူတို့ နောက်ကွယ်မှာ သန်း၁၅၀ကျော် ရှိနေတဲ့ ဘင်္ဂလီလူဦးရေ ကိုတော့ ထည့်မပြောကြပါဘူး။ အမေရိကန် နိုင်ငံ နယူးယောက်ပြည်နယ် (မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း)လောက်ပဲ ရှိတဲ့ ဧရိယာထဲမှာ လူသန်း၁၅၀ကျော် ပြွတ်သိပ်ပြီးရှိနေတဲ့ နိုင်ငံထဲက လူတွေက နယ်မြေပိုကျယ်ပြီး သန်း၅၀ကျော်ပဲ ရှိတဲ့ မြန်မာနိုင်ငံထဲကို ခိုးဝင်နေတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ပါ။ နိုင်ငံတကာ မီဒီယာတွေမှာ အဲဒီအခြေအနေအမှန်ကို လုံးဝ ပြောင်းပြန်လှန်ပြီး မြန်မာနိုင်ငံသားတွေ ဘင်္ဂလားဒေ့ရှ်ထဲ ခိုးဝင်နေသယောင် ရေးသားနေကြတာ ယုတ္တိတန် လွန်းပါတယ်။

    ကုလားအုတ်နဲ့ တဲပိုင်ရှင် လင်မယား ပုံပြင်လိုပဲ စစ်တကောင်း ဘင်္ဂါလီတွေက ရိုဟင်ဂျာ အမည်ခံ ခေါင်းကလေး စ၀င်လာ၊ နောက်တော့ ဖြည်းဖြည်းချင်း တကိုယ်လုံး ၀င်လာရင် တဲပိုင်ရှင် အစစ်အမှန်က အပြင်ထွက်ပေးရတဲ့ အခြေအနေရောက်လာပါလိမ့်မယ်။

    မယုံမရှိပါနဲ့ ရိုဟင်ဂျာဆိုတာတွေကို တိုင်းရင်းသား သတ်မှတ်ပေးလိုက်ရင် နောက်တဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နောက်တဆင့် သီးခြား ပြည်နယ်၊ ဆိုတာတွေ ထပ်တောင်းလာပါလိမ့်မယ်။ မြန်မာ့မြေပေါ်မှာ ရှာရီရာ ဥပဒေနဲ့ အုပ်ချုပ်ခွင့်ရတဲ့ အခြေအနေ မရောက်မချင်း သူတို့ဘက်က ကျေနပ်မှာ မဟုတ်ပါ။
    မြန်မာလူငယ်တွေအနေနဲ့ ဒီရိုဟင်ဂျာ ကိစ္စနဲ့ ပက်သက်ရင် အမှားအမှန် ကွဲကွဲပြားပြား မသိဘူးဖြစ်နေပါတယ်။ အစိုးရဘက်က သတင်းအမှောင်ချထား တော့ ဘင်္ဂလီတွေဘက်က တဖက်သက် ပြောတာအမှန်လိုဖြစ်နေပါတယ်။
    ဗမာဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး အစ္စလာမ်ဘာသာနဲ့ ရိုဟင်ဂျာ လူမျိုးဆိုတာကို ခွဲခြားရှုမြင်ပြီး၊ အစ္စလာမ်ကို လက်ခံပေမယ့် ရိုဟင်ဂျာလူမျိုးဆိုတာတော့ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြသရပါမယ်။

    အခုတောင် မွတ်စလင်နိုင်ငံအချို့ က မြန်မာနိုင်ငံမှာ မွတ်စလင် သန်း၂၀နီးပါး၊ စုစုပေါင်းလူဦးရေရဲ့ ၃၀ရာခိုင်နှုန်းထိ ရှိနေပြီလို့ ဘာအထောက်အထားမှ မရှိပဲ ပြောနေကြပါပြီ။

    ဒီပုံအတိုင်းဆို နောင်တချိန်မှာ မြန်မာ တိုင်းရင်းသားတွေလူမျိုးပျောက်ရင်ပျောက်၊ မပျောက်ရင် ဂျူးလူမျိုးတွေလို ကမ္ကာအနှံ့ ပျံ့ ပြီး သူမျာနိုင်ငံမှာ မျက်နှာငယ်ငယ်နဲ့ ကျွန်ခံရတဲ့ ဘ၀ရောက်လာပါလိမ့်မယ်။

    ReplyDelete
  2. ရိုဟင်ဂျာတွေ သနားစရာ ကောင်းကြောင်း ဘယ်လိုရေးရေး သူတို့ နောက်ကွယ်မှာ သန်း၁၅၀ကျော် ရှိနေတဲ့ ဘင်္ဂလီလူဦးရေ ကိုတော့ ထည့်မပြောကြပါဘူး။ အမေရိကန် နိုင်ငံ နယူးယောက်ပြည်နယ် (မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း)လောက်ပဲ ရှိတဲ့ ဧရိယာထဲမှာ လူသန်း၁၅၀ကျော် ပြွတ်သိပ်ပြီးရှိနေတဲ့ နိုင်ငံထဲက လူတွေက နယ်မြေပိုကျယ်ပြီး သန်း၅၀ကျော်ပဲ ရှိတဲ့ မြန်မာနိုင်ငံထဲကို ခိုးဝင်နေတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ပါ။ နိုင်ငံတကာ မီဒီယာတွေမှာ အဲဒီအခြေအနေအမှန်ကို လုံးဝ ပြောင်းပြန်လှန်ပြီး မြန်မာနိုင်ငံသားတွေ ဘင်္ဂလားဒေ့ရှ်ထဲ ခိုးဝင်နေသယောင် ရေးသားနေကြတာ ယုတ္တိတန် လွန်းပါတယ်။

    ကုလားအုတ်နဲ့ တဲပိုင်ရှင် လင်မယား ပုံပြင်လိုပဲ စစ်တကောင်း ဘင်္ဂါလီတွေက ရိုဟင်ဂျာ အမည်ခံ ခေါင်းကလေး စ၀င်လာ၊ နောက်တော့ ဖြည်းဖြည်းချင်း တကိုယ်လုံး ၀င်လာရင် တဲပိုင်ရှင် အစစ်အမှန်က အပြင်ထွက်ပေးရတဲ့ အခြေအနေရောက်လာပါလိမ့်မယ်။

    မယုံမရှိပါနဲ့ ရိုဟင်ဂျာဆိုတာတွေကို တိုင်းရင်းသား သတ်မှတ်ပေးလိုက်ရင် နောက်တဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နောက်တဆင့် သီးခြား ပြည်နယ်၊ ဆိုတာတွေ ထပ်တောင်းလာပါလိမ့်မယ်။ မြန်မာ့မြေပေါ်မှာ ရှာရီရာ ဥပဒေနဲ့ အုပ်ချုပ်ခွင့်ရတဲ့ အခြေအနေ မရောက်မချင်း သူတို့ဘက်က ကျေနပ်မှာ မဟုတ်ပါ။
    မြန်မာလူငယ်တွေအနေနဲ့ ဒီရိုဟင်ဂျာ ကိစ္စနဲ့ ပက်သက်ရင် အမှားအမှန် ကွဲကွဲပြားပြား မသိဘူးဖြစ်နေပါတယ်။ အစိုးရဘက်က သတင်းအမှောင်ချထား တော့ ဘင်္ဂလီတွေဘက်က တဖက်သက် ပြောတာအမှန်လိုဖြစ်နေပါတယ်။
    ဗမာဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး အစ္စလာမ်ဘာသာနဲ့ ရိုဟင်ဂျာ လူမျိုးဆိုတာကို ခွဲခြားရှုမြင်ပြီး၊ အစ္စလာမ်ကို လက်ခံပေမယ့် ရိုဟင်ဂျာလူမျိုးဆိုတာတော့ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြသရပါမယ်။

    အခုတောင် မွတ်စလင်နိုင်ငံအချို့ က မြန်မာနိုင်ငံမှာ မွတ်စလင် သန်း၂၀နီးပါး၊ စုစုပေါင်းလူဦးရေရဲ့ ၃၀ရာခိုင်နှုန်းထိ ရှိနေပြီလို့ ဘာအထောက်အထားမှ မရှိပဲ ပြောနေကြပါပြီ။

    ဒီပုံအတိုင်းဆို နောင်တချိန်မှာ မြန်မာ တိုင်းရင်းသားတွေလူမျိုးပျောက်ရင်ပျောက်၊ မပျောက်ရင် ဂျူးလူမျိုးတွေလို ကမ္ကာအနှံ့ ပျံ့ ပြီး သူမျာနိုင်ငံမှာ မျက်နှာငယ်ငယ်နဲ့ ကျွန်ခံရတဲ့ ဘ၀ရောက်လာပါလိမ့်မယ်။

    ReplyDelete

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)