Monday, June 24, 2013

ရေနက်ဆိပ်ကမ်းမှ ဆုံးရှုံးနစ်နာမှုများ ဖေါ်ထုတ်ပေးရန် နိုင်ငံတော်အားတောင်းဆို

  • Written by  ထားဝယ်သားလေး
ရေနက်ဆိပ်ကမ်းကြောင့် တံငါသည် ကျေးရွာ တချို့ ပျက်စီးခဲ့ ရေနက်ဆိပ်ကမ်းကြောင့် တံငါသည် ကျေးရွာ တချို့ ပျက်စီးခဲ့ (ဓါတ်ပုံ - Dawei watch)

“ ကျနော်တို့ နဘူးလယ်မှာက သိရသလောက် မြေဧက နှစ်သောင်းကျော် နစ်နာ ဆုံးရှုံးခဲ့ပါတယ်။ ထိုင်း ITD ကုမဏီကို ရောင်းစားကြတာပါ။ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို အပါအ၀င် ပြည်ထောင်စု ၀န်ကြီး ဦးဘုန်းဆွေက အစ ဒေသခံတွေရဲ့ မြေတွေကို လက်ညိုးထိုး ရောင်းစားခဲ့တယ်လေ။ လျှော်ကြေးပေးမယ် ဆိုတာလည်း တချို့ က ရတယ်။ ဒါပေမဲ့ သိန်းတရာတန်တဲ့ မြေကို (၁၀) သိန်းဘဲ ပေးတယ်ဆိုတော့ ဆိုးလွန်းပါတယ်” ဟု ဆိုပါသည်။
ထို့အပြင် ရေဖြူမြို့နယ်ထဲမှ ဘ၀ါကျေးရွာ၏ လေပံတောင်သစ်တော ကြိုးဝိုင်းကို အကြောင်းပြုပြီး ဧကပေါင်း ရာချီပြီး ဒေသခံမြေများအား ရောင်းစားခြင်း။ မယင်းကြီးတောင် ကျေးရွာ သစ်တောအား ကတုံးပြောင်အောင် ခုတ်ပြီး ဒေသခံများ၏ ရေပေါက်ပိတ်မှု အခက်အခဲများ။ ကြိုးဝိုင်းမြေ၊ သစ်တောမြေ၊ စားကျက်မြေ ဧကပေါင်း (၁၈၀၀၀) ဧကအား ITD ကုမဏီသို့ ရောင်းချရာတွင် ဒေသခံမြေ မြောက်များစွာ ဆုံးရှုံးခဲ့ရပါသည်။
မူးဒူးကျေးရွာမှ ဒေသခံ ဓနိတောများ၊ ပန်းတင်အင်း ကျေးရွာ အုပ်စု ငပိတက်ငယ် ကျေးရွာခွဲမှ ဗျက်နီချောင်းဝ တံခါသည် ကျေးရွာ ဖျက်သိမ်းခဲ့ရမှု နှင့် စီမံကိန်းကြောင့် နစ်နာမှု ပေါင်းများစွာ ရှိခဲ့သည်ဟု ဆိုပါသည်။
ITD ကုမဏီသည် မိမိတို့ ၀ယ်ထားသော မြေများအား လမ်းဖေါက် မြေညှိခဲ့ကြသဖြင့် နဘုလယ် ဘ၀ါ ကျေးရွာ အုပ်စုနှင့် ပြသနာ ဖြစ်ခဲ့ဘူးပါသည်။ ထိုကိစ္စကို တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုအားရွာသားများမှ အကြောင်းကြားသဖြင့် ၀န်ကြီးချူပ်မှချက်ချင်း ဆောင်ရွက်ပေးမည်ဟု ပြောသော်လည်း အကြောင်း မထူးခဲ့ပေ။
ဤသို့ကြောင့် အခြေအနေမဲ့ ဖြစ်သွားခဲ့သော ဒေသခံများ အတွက် နိုင်ငံတော်မှ ၀ိုင်းဝန်း ဖြေရှင်းပေးစေလိုကြောင်း၊ တိုင်းအစိုးရနှင့် ပြည်ထောင်စု ၀န်ကြီးတို့သည် လျှော်ကြေးပေးမည်ဟု ဆိုသော်လည်း တကယ် နစ်နာသူများ လက်ခံ ရရှိခြင်း မရှိသည့် အပြင်၊ လျှော်ကြေးများသည် အဆတရာမျှ မတန်တဆ နည်းပါး လွန်းသည်ဟု ဆိုပါသည်။
ထို့အပြင် စီမံကိန်းကြောင့် သဘာဝ တောတောင်များ ပျက်စီးနေသဖြင့် ရေရှားမှု၊ ခြံမြေ စိုက်ပျိုးမှုများ၊ ဒီရေတောနှင့် တံငါသည် ကျေးရွာများ ထိခိုက် ပျက်စီးခဲ့ရပါသည်။ ဤကိစ္စများ ပြန်လည် စီစစ်ပေးပါရန် တနင်္သာရီတိုင်း ရေဖြူ၊ လောင်းလုံမြို့နယ်မှ ဒေသခံများက တောင်းဆို နေကြသည်ဟု ဆိုပါသည်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)