Thursday, May 15, 2014

ယုန်ထောင်ကြောင်မိနဲ့ ကြံ့ခိုင်လို့ကောင်းတုန်း


Author: ခွန်းဆင့်သူသူ

7DAY DAILY


  လောကမှာ လူ့သက်တမ်း တစ်ဝက်ကျော်ကျော်နေလာပြီးပြီဆိုတော့လောကအကြောင်း၊  ဘ၀အကြောင်း၊ လူတွေအကြောင်း တတ်သိနားလည်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားခဲ့မိတာ မှားတာပါပဲ။ ခုထိကို ကျွန်မရဲ့အထင်တွေနဲ့ အမြင်တွေက လွဲလွဲနေသေးတာ။
 လောကမှာ ကျွန်မနားမ လည်နိုင်တဲ့ အဖြစ်အပျက်၊ အ ကြောင်းအရာတွေက အများသား ပဲ။  မှတ်မှတ်ရရ  ၁၉၉၀ ရွေး ကောက်ပွဲ အနိုင်ရစဉ်တုန်းက။ NLD က တစ်ပြည်လုံးမှာ တင်း ပြည့်ကျပ်ပြည့် အနိုင်ရလိမ့်မယ် ဆိုတာ ကြိုတင်ခန့်မှန်းပြီးသား။ အဖြေထွက်လာတော့လည်း မှန်း ချက်နဲ့ ကွက်တိပဲဆိုတော့ ပျော်ရ တာပေါ့။ အေးဆေးပဲလေ။ ကျွန် မတို့ ဒီမိုကရေစီ ရတော့မယ်ပေါ့။ ဒီလိုပဲ ရိုးရိုးစင်းစင်းတွေးပြီး ရင် ခုန်မိတာ။ အဲဒီမှာ စသိတာပဲ။ လောကဟာ မြစ်တစ်စင်းလို ကွေ့ကောက်တတ်တယ်ဆိုတာကို။

နောက်တစ်ဖန် ၂၀၁၀ ရွေး ကောက်ပွဲက တိုင်းပြည်ရွေ့လာ ပြီ။ အပြောင်းအလဲတွေ စလာပြီ ဆိုပြီး ကျွန်မတို့ အားတက်ခဲ့ရပါ တယ်။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲကို စိုးထိတ်နေတုန်း အဖြေက ပြည်သူတွေ ကျေနပ်၊  စိတ်ချမ်းသာစရာကောင်းနေပြန် တော့ ဒီမိုကရေစီနဲ့ မဝေးတော့ ဘူးလို့ ယုံကြည်မိပြန်ပါတယ်။ သမ္မတသစ်ကလည်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဆင်းရဲမွဲတေမှုပပျောက်ရေးစတဲ့ ကော်မတီတွေ၊ အဖွဲ့ငယ်တွေ အများအပြား ဖွဲ့ လာတော့ နှစ်  ၅၀  ကျော်ကြာခဲ့ တဲ့ပြည်တွင်းစစ်ကြီး  ချုပ်ငြိမ်း တော့မယ်ပေါ့။ ပြည်သူတွေ မချမ်းသာရင်သာနေမယ်။ ထမင်း ၀၀၊ ဟင်း၀၀ စားရတော့မယ်ပေါ့ဆိုပြီး ယုံကြည်ခဲ့မိတယ်။ တစ်ခါမှ မကြားဖူးခဲ့ကြတဲ့ Good go-vernment, clean governance ဆိုတဲ့ သမ္မတကြီးရဲ့နှုတ်ထွက် စကားက မင်္ဂလာရှိလိုက်တာဆိုပြီးသမ္မတကြီးကို ကျန်းမာချမ်းသာပါစေ၊ နှလုံးစက်ကလေး မရပ်တန့်ပါစေနဲ့ဆိုပြီး ဆုတောင်းမေတ္တာတွေ ပို့သကြတာ သမ္မတကြီးလည်းသိရှာမှာပါ။ သမ္မတကြီးရဲ့ အမိန့်နဲ့ မြစ်ဆုံကိစ္စရပ်တာဆိုတော့ မြန်မာပြည်သူ ပြည်သားတွေအတွက်သမ္မတကြီးက ဘုရားပေးတဲ့ ဆုပဲလို့ ခံယူပစ်လိုက်တော့တာ။

နှစ်ပေါင်းများစွာ အိပ်မက် တောင် မမက်ဝံ့ခဲ့တဲ့ အဖြစ်တွေ ပါ။ တစ်တိုင်းပြည်လုံး ငြိမ်းချမ်း ရေးစကားတွေဝေ၊ ငြိမ်းချမ်းရေး အပြုံးတွေ ဝေခဲ့ကြတာ။ လက် နက်ကိုင် တိုင်းရင်းသား ခေါင်း ဆောင်တွေနဲ့ ဖက်လဲတကင်း လက်ဆွဲနှုတ်ဆက်ကြ၊ နှစ်သစ် ကူးမှာ တူစုံနွှဲလို့ ပျော်မြူးခဲ့ကြ တာ မင်္ဂလာရှိနေလိုက်ကြတာ ဘာကြာသေးလို့တုံး။ ဟော ခုကြည့်။တိုက်ပွဲတွေ ပြန်ဖြစ်ကြပြီတဲ့။ တစ်ဖက်က ငြိမ်းချမ်းရေး ဆွေးနွေးနေတုန်း တစ်ဖက်က တိုက်ပွဲတွေဖြစ်နေတုန်း။ လိုက်လို့ မမီလောက်အောင် ကျွန်မနားမလည်နိုင်တော့၊ ‘လက်ရှိအစိုးရ အပေါ်မှာ တပ်ရဲ့သြဇာလွှမ်းမိုးမှုက ရှိတုန်းပဲ’ လို့ ဆိုသူကဆို။ ‘သစ်ပင်စိုက်တဲ့ သူကတစ်ဖွဲ့၊ ခုတ်တဲ့သူက တစ်ဖွဲ့မဖြစ်ဖို့လို’ လို့ ပြောသူက ပြော။  ဆရာသိန်းဖေမြင့်တို့ခေတ်က လက်ဝယ်ပိုင်ပိုင် မဆုပ်ကိုင်နိုင်လိုက်ရတဲ့ ငြိမ်းချမ်းရေး ချိုးဖြူငှက်က ကျွန်မတို့ ခေတ်မှာလည်း လိုက်မမီနိုင်လောက်အောင် အမြင့်ကို ပြန် ပြေးသွားပြီလားမသိတော့။

ဆင်းရဲခြင်းပပျောက်အောင် သမစနစ်ထူထောင်တဲ့  သမ္မတ ကြီးရဲ့စေတနာက ပြည်သူတွေ အတွက်ေ၀၀ါးနေဆဲ။ ခုထိတော့ ပြည်သူတွေက ပိုနေမြဲ၊ ကျားနေမြဲ၊ တပ်သားနေမြဲ၊ နေမြဲအဆင့်မှာပဲ ရှိနေကြပါတယ်။

 အခုလည်း ၂၀၁၅ က နီး လာတော့ အခြေခံဥပဒေပြင်ဆင် ဖို့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့၊ နေ ရာအနှံ့မှာ အုန်းအုန်းကျွက်ကျွက် ဖြစ်နေကြချိန်မှာ ကျွန်မတို့ အား ထားရာ လွှတ်တော်ကြီးကတော့ တုတ်တုတ်မျှမလှုပ်၊ မလှုပ်ရေးချ မလှုပ်။ ကျွန်မ နားလည်လက်ခံ ထားတာကတော့ ၂၀၀၈ အခြေခံ ဥပဒေဆိုတာ အရင်စစ်အစိုးရ အဟောင်းက ရေးဆွဲခဲ့တဲ့ဥပဒေ။ အခု ဒီမိုကရေစီအစိုးရသစ်က ဒီမိုကရေစီကျင့်ထုံးနဲ့အညီ အများ ဆန္ဒအရ၊ အများသဘောတူညီ ချက်အရ ပြင်ဆင်ရမယ့် ဥပဒေကို ပြင်ဆင်ညှိနှိုင်းပြီး ဆောင်ရွက် သွားရမှာ။  ဒီလိုမှမဟုတ်ဘဲ ၂၀၀၈ ဥပဒေကို အမြီးလေးဖြုတ်၊ ခေါင်းလေးဖြုတ်ပြီး ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ဘယ် လောက်ပဲ ၂၀၁၅ ကိုသွားနေပါ တယ်လို့ အော်အော် တိုင်းပြည်က တော့ ၂၀၀၈ ခုနှစ်ထဲပဲ ပြန် ရောက်နေမှာပဲလို့ လူပြိန်းအတွေး နဲ့ တွေးကြည့်မိပါတယ်။ တိုင်း ပြည်တစ်ပြည်ရဲ့ ဖွဲ့စည်းပုံဥပဒေ စာအုပ်ဆိုတာ တစ်သက်တာ လက်ကိုင်ထားရမယ့် လက်စွဲစာ အုပ်တစ်အုပ်မဟုတ်ပါဘူး။ ဒီမို ကရေစီနိုင်ငံလို့အော်နေပြီး ဒီမိုက ရေစီနည်းလမ်းကျကျ စီမံအုပ် ချုပ်ဖို့က အစိုးရရဲ့တာဝန်ဖြစ်ပြီး ဒီမိုကရေစီထုံး နှလုံးမူပြီး လိုက် နာကျင့်ကြံအားထုတ်နေထိုင်ဖို့က ပြည်သူတွေရဲ့ တာဝန်ပါ။

‘‘မိမိကိုယ်ကိုယ် နာမည်ကြီး အောင်၊ ကြွယ်ဝအောင် လုပ် တတ်သည်မှာ နိုင်ငံရေးမဟုတ်၊ တိုင်းပြည်ကောင်းအောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်’’ လို့ ဖခင် ဗိုလ်ချုပ်က ပြောသလိုပါပဲ။ အခုအချိန်မှာ တိုင်းပြည်ကောင်းအောင် လုပ်တတ်တဲ့ နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်နေပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်းမှာ ကျင်း ပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာ လက်ရှိအာဏာရပါတီ၊ ၈၈ အ ဖွဲ့၊ NLD နဲ့ တိုင်းရင်းသားပါတီတွေ ထဲက နိုင်ငံရေးသမားကောင်း တွေ ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်မိရပါတယ်။

လက်ရှိမှာတော့ ကြားဖြတ် ရွေးကောက်ပွဲအတွက် ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင် ဆင်လှုပ်ရှားနေမှာကတော့ အ တက်ကြွဆုံးပဲလို့ မြင်မိပါတယ်။ ကြားဖြတ်အတွက် ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်လောင်းများ လျာ ထားပြီဟု ကြားသိရပါတယ်။ မိမိတို့ ပါတီအနေဖြင့်  ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နေရာပြည့် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကာ လက်ရှိတွင် ပါတီမူဝါဒနှင့်အညီ ပြည်သူများလိုအပ်သော ကိစ္စရပ်များ ဆောင်ရွက်ပေးသည့် ပါတီလုပ်ငန်းစဉ်များကိုသာ ဆောင်ရွက်နေကြောင်း၊ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၏ ရှုံးကြွေးကို    ပြန်လည်ဆပ်နိုင်ရန် ရန်ကုန်တိုင်းအတွင်းရှိ  မဲဆန္ဒ နယ်အားလုံးတွင် အနိုင်ရရှိရန် အောင်နိုင်ရေးစီမံချက် မူကြမ်းကို ရေးဆွဲထားပြီးဖြစ်သည်ဟု ရန် ကုန်တိုင်းဒေသကြီးအတွင်းရေး မှူးဦးသာဝင်းက  ပြောထားပါ တယ်။ အောင်နိုင်ရေးစီမံချက် မူ ကြမ်းဆိုတာကလည်း ကျွန်မတို့ ပြည်သူတွေအတွက် စိတ်ဝင်စား စရာကောင်းလှပါတယ်။

တကယ်တော့ ပြည်ခိုင်ဖြိုး ပါတီက ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှာ မဲဆန္ဒနယ် ၄၃ နေ ရာအနက်၊ နေရာပြည့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာအနိုင်ရရှိ ခဲ့တာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ ရှုံးရှုံး လှေခွက်ချည်းကျန် အလံ မလှဲစတမ်း ဆိုတဲ့ စိတ်ဓာတ်နဲ့ ပြည်သူကို အလုပ်အကျွေးပြုချင်ကြတာ၊ ပြည်သူတွေအတွက် အ လုပ်လုပ်နေကြတာ ကျွန်မတို့ တစ်တွေ အသိအမှတ်ပြုကြရမှာပါ။ တော်ရုံတန်ရုံစိတ်ဓာတ်မျိုးနဲ့ မဟုတ်ဘဲ    ကြံ့ခိုင်ပြည့်ဝတဲ့ စိတ်ဓာတ်မျိုးမို့သာ အနိုင်အရှုံးကို  ရဲရဲ ၀ံ့ဝံ့ အန်တု၊ ခံနိုင်ရည်စွမ်းအားရှိကြတဲ့ စွမ်းအားရှင်တွေပါ။

  အခုလို တိုင်းပြည်ပြုပြင် တည်ဆောက်နေတဲ့ အချိန်မှာ နိုင်ငံရေးသမားကောင်းတွေ များ များလိုအပ်နေတာဆိုတော့ ကြံ့ ခိုင်တဲ့ စိတ်ဓာတ်နဲ့ တိုင်းပြည် ကောင်းအောင် လုပ်တတ်တဲ့ နိုင်ငံရေးသမားကောင်းတွေ ပေါ်ထွက်နိုင်ပါစေလို့ပဲ ဆန္ဒပြုရတော့မှာပဲ။

ဒီတစ်ခါရွေးကောက်ပွဲကို တော့ ကျွန်မထင်ကြေး မပေးတော့ပါဘူး။ ထင်လိုက်ရင် လွဲ လွဲနေတတ်တဲ့ ကိုယ့်အကြောင်း ကိုယ်သိနေလို့ပါ။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)